ဗန်းမော် ဖေဖော်ဝါရီ ၂၉
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေးပွဲကို ခရိုင်စိုက်ပျိုးပညာပေးရေးခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွှဲ ၁ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်မြင့်က ပြည်သူများကို လက်ရှိဆောင်ရွက်နေသော မြန်မာ့စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများသိစေရန် ရည်ရွယ်၍ ဆွေးနွေးကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ထိုဆွေးနွေးပွဲတွင် ASIAGAP ၏ ဆောင်ရွက်ပြီးစီးမှုများ၊ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကမ္ဘာလုံးဆိုင်ရာ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးအစပြုမှုနှင့် Third-party Certification အကြောင်းအရာများ၊ မြန်မာ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ လက်ရှိမြန်မာ့ GAP ဆောင်ရွက်နေမှုအခြေအနေ၊ သရက် GAP စနစ်ဖြင့် ထုတ်လုပ်ခြင်း၊ ဈေးကွက်ထိုးဖောက်ခြင်းနှင့် အနာဂါတ်မျှော်မှန်းချက်များကို ဆွေးနွေးခဲ့ကြောင်းနှင့် ထိုဆွေးနွေးပွဲသို့ ဗန်းမော်၊ မိုးမောက်၊ မံစီ မြို့နယ်ရုံးများမှ ဝန်ထမ်း (၁၆) ဦးနှင့် တောင်သူ (၁၆) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)