မိုးမိတ်မြို့၌ ရွေးကောက်ပွဲကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လုံခြုံရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး အကြိုတင်ဇာတ်တိုက်လေ့ကျင့်

မိုးမိတ်    နိုဝင်ဘာ    ၃       

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲ  ကျင်းပနေစဉ်ကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုံခြုံရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီခွဲ အချိန်ခန့်က မိုးမိတ်မြို့ အာသံကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်မှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇော်ဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များတို့ပူးပေါင်း၍ ရွေးကောက်ပွဲ ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု၊ မီးထိတ်လန့်မှု ဖြစ်ပွားလာပါက အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေးနှင့် လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များကို  အဓိကထား လေ့ကျင့်ဆောင်ရွက်ခြင်း ဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနတွင် မီးငြှိမ်းသတ်ယာဉ် ()စီး၊ ရေသယ်ယာဉ်(၁)စီးနှင့် ရွေးကောက်ပွဲကာလအတွင်း ရပ်ကွက်/ ကျေးရွာ များတွင် ဖြန့်ကြက်ချထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မိုးမိတ်သား(စည်သူဌေး)