မိုင်းရယ်မြို့နယ် ကုန်းညုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းချေးငွေများ ဒုတိယအကြိမ် ထုတ်ချေးပေး

မိုင်းရယ်  ဖေဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့နယ် မန်စန့်ကျေးရွာအုပ်စု၊ ကုန်းညုကျေးရွာတွင်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးရာတွင် မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းခိုင်ဦးက ကျေးလက်နေပြည်သူများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေခြင်းဖြင့် ဆင်းရဲမှုလျော့ချစေရေး၊ အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်ကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရေးတို့ကို ရည်ရွယ်၍ ချေးငွေများ ထုတ်ချေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဒုတိယအကြိမ်ထုတ်ချေးရာ ကုန်းညုကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၃)ဦးအတွက် ချေးငွေ ကျပ် (၃၁၄)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)