ဓါးထိုးခံရသဖြင့် ဆရာဝန်တစ်ဦး သေဆုံး

စမ်းချောင်း  နိုဝင်ဘာ ၃

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမြောက်ရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ်(၇၇)(၅)လွှာနေ ဒေါက်တာစောခိုင် (ဘ) ဦးမြင့်ဝေ အသက်(၄၅)နှစ်သည် ယနေ့နံနက် ၇:၁၅နာရီအချိန်ခန့်က နေအိမ်မှ ပေ (၁၅၀)ခန့် အကွာ၌ အမည်မသိ အမျိုးသားတစ်ဦး(စုံစမ်းဆဲ)က ဓါးဖြင့်ထိုးသဖြင့် လည်ပင်းတွင် (၈)ချက်နှင့် ယာဘက် ဝမ်းဗိုက်တွင် (၁)ချက် ဓါးဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားကြောင်း၊ ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ယူဆောင်သွားကြောင်းနှင့် တရားခံအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခင်ချောစုဝင်း (ပြန်/ဆက်)