တပ်ကုန်း နိုဝင်ဘာ ၃
နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုရန် မဲရုံသုံးပစ္စည်း များနှင့်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့နံနက် ၉နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျက်ရှိသည်။
အဆိုပါ မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မဲပုံး၊ လုံခြုံရေးကြိုး၊ ဆန္ဒပြုတံဆိပ်တုံး၊ ဆန္ဒပြုခန်း၊ မှင်ဘူး စသည် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၅)အုပ်စုမှ မဲရုံပေါင်း(၁၃၄)ရုံနှင့် မဲဆန္ဒရှင် (၁၈၀၈၇၉)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
တင်စိုးလွင်