မော်လမြိုင် (၁၀)မြို့နယ်ဆောင်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာ(Community Based Facility Quarantine) ဝင်ရောက်နေ သူများကို ကျန်းမာရေးစစ်ဆေး

မော်လမြိုင် နိုဝင်ဘာ ၃

 

မွန်ပြည်နယ် မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများထဲမှ (၄၇၆)ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ယမန်နေ့ နေ့လယ်က ပြုလုပ် ဆောင်ရွက်ရာ Community Based Facility Quarantine ကွပ်ကဲရေး တာဝန်ရှိသူများ ကျန်းမာရေး ဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မော်လမြိုင်(Rescue) အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သားများ ကူညီဆောင်ရွက်ကြောင်း သိရသည်။

Quarantine ဝင်ရောက်လာသူများကို ရက်သတ္တတစ်ပတ်အတွင်း အပူချိန်စစ်ဆေးခြင်း၊ အာခေါင် တို့ဖတ်၊ နှာခေါင်းတို့ဖတ် နမူနာယူ၍ ပြည်သူကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာန (PHL Mawlamyine) ပေးပို့၍ ရောဂါပိုး ရှိ/မရှိ တစ်ကြိမ်စစ်ဆေးပေးသွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိ ပါကသက် ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၁၅၃၅၆)ဦး ရှိပြီးဖြစ်ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)