တန့်ယန်းမြို့နယ်တွင် ကြိုတင်မဲပေးခွင့်ရှိသူများ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ လာရောက်မဲပေးနေ

တန့်ယန်း  နိုဝင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲများ လာရောက်ပေးလျှက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းသည် အမှတ်()ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့ မွန်းလွဲပိုင်းက လာရောက်မဲပေးခဲ့သည်။

အဆိုပါ ကြိုတင်မဲပေးနေမှုတွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီး အဖိုးအဖွား (၂၂)ဦးနှင့် မဲရုံ အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စေတနာ့ဝန်ထမ်းများ၊ အထူးရဲများ (၁၀၆)ဦး၊ စုစုပေါင်း(၁၂၈)ဦးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တာဆီးရေး ညွှန်ကြားချက်များနှင့်အညီ အမှတ်()ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် မိမိတို့ဆန္ဒအလျှောက် လာရောက်၍ မဲပေးလျက်ရှိကြောင်း သိရသည်။                                                                                                 

မင်းလွင်ဦး(ပြန်/ဆက်)