တောင်သာ ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးမှ ဝန်ထမ်းများက ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များကို ဝန်ထမ်းများအားအခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ဗိုလ်ချုပ် အောင်ဆန်း ၁၃-၇-၁၉၄၇ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်တို့ပါရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)