ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင် ယမန်နေ့ နံနက် (၉) နာရီမှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သွင် ဦးစီးသည့် ဝန်ထမ်းများက Biometric ကောက်ယူကွင်းဆင်းခြင်းလုပ်ငန်း ဆောင်ရွက်ကြသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးအောင်သွင်နှင့် ဝန်ထမ်းများက ရပ်ကွက်ပြည်သူများကို Biometric Enrollment and UID Management System အသုံးပြု၍ ဇီဝဆိုင်ရာအချက် အလက်ကောက်ယူစိစစ်ပြီး e-ID စနစ် လုပ်ငန်းစဉ်များဖြစ်သည့် e- ID Database System အတွင်းသို့ Biometric အချက်အလက် (၃)ချက်ဖြစ်သော (လက်ဗွေ၊မျက်နှာသွင်ပြင်၊ မျက်လုံးသူငယ်အိမ်)တို့နှင့် Biographic အချက်(၆)ချက်ဖြစ်သော (အမည်၊ အသက်၊ လိင်၊ ကိုင်ဆောင်သည့် ကတ်အမှတ်၊ လက်ရှိနေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ @emailစသည့် အချက်အလက်များကို Digital System Enrollment Device စက်ပစ္စည်းများ အသုံးပြု၍ အချက်အလက်များ ထည့်သွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဂဏန်း (၁၀)လုံး ပါဝင်သည့် Unique Identity (UID) ထုတ်ပေးခြင်းများ ဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မြို့နယ်လဝကရုံးတွင်လည်း ရုံးချိန်အတွင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စောလွင်