မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်နိုင်ရေး ထုပ်ပိုးပြင်ဆင်ဆောင်ရွက်နေမှုအား  ကြည့်ရှုအားပေး

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ဒုတိယအကြိမ် ပေးအပ်နိုင်ရေးအတွက်  ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ (၂၇) ရက်နေ့က ပြင်ဆင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ဒုတိယအကြိမ် ပေးအပ်နိုင်ရေးအတွက်  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်နှင့် တာဝန်ရှိသူများမှ ဦးဆောင်၍ ကော်မတီဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ သူနာပြုတက္ကသိုလ် (မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၅၀၀ ဦးခန့်ဖြင့် ပြင်ဆင်ထုပ်ပိုးခြင်း ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်၊ ​လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး  ရဲမှူး ချုပ်စိန်လွင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကာ ဝန်ကြီးချုပ်မှ ပြင်ဆင်ထုပ်ပိုးခြင်း ဆောင်ရွက်နေကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် (၂၀၀၀) ဦးအတွက်  ခေါက်ဆွဲခြောက် ကော်ဖီမစ်  Royal D   ရှူးရှဲလက်ဖက်၊ ပဲကြော်အစုံ မြေပဲဆံကြော် ငါးနီတူခြောက်ကြော် ငါးပိထောင်း ဆေးပေါ့လိပ် စသည့် စားသောက်ဖွယ်ရာ (၉)မျိုးနှင့် တပ်မတော်သားများကို ချစ်ခင် ထောက်ခံ အားပေးကြသည့် မိဘပြည်သူများ၏ "အမိနိုင်ငံတော်ကြီးအတွက် အသက်ကို ပဓာန မထားဘဲ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး တိုက်ပွဲတိုင်း အောင်မြင်ပါစေ"၊ "ကြိုးစားတိုက်ပွဲဝင်နေတဲ့အချိန်မှာ သည်းခံပါ အောင်မြင်မှုပန်းတိုင်ဟာ လက်တစ်ကမ်းအကွာမှာပါ"၊ "အမိမြေကို ကာကွယ်‌စောင့် ရှောက်နေသော တပ်မတော်သား အစ်ကို၊ မောင်လေးများ တိုက်ပွဲတိုင်းအောင်၍ အောင်ပွဲတိုင်းမှာ ပျော်ရွှင်ချ​မ်းမြေ့ကြပါစေလို့ မေတ္တာပို့သလိုက်ပါတယ်ရှင့်"၊  " ဘေးအန္တရာယ်ကင်းဝေးပါစေ နေကောင်းကျန်းမာ စိတ်ချမ်းသာပါစေ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ " စသည့် အမှတ်တရ ဆုတောင်းစာလွှာများနှင့်အတူ သက်ဆိုင်ရာ ဌာနများမှတစ်ဆင့် ဆက်သွယ်ပေးပို့သွားမည်ဖြစ်ကာ ပထမအကြိမ်အဖြစ် ၁၃.၂.၂၀၂၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် (၂၀၀၀)ဦးအတွက် စားသောက်ဖွယ်ရာများ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း  သိရသည်။

ထွန်းထွန်းနိုင်