မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၂၆
ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လူမှုဝန်ထမ်းဉီးစီးဌာန၊ မင်္ဂလာတောင်ညွန့်မူကြိုကျောင်းနှင့် ကန်တော်ကလေးမူကြိုကျောင်းတို့တွင် ယနေ့နံနက်ပိုင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဌေးလင်းဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၅) ဦးဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့ မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး မူကြိုဆရာမများနှင့် မူကြိုကလေးငယ် ၁၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)