ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို အမှတ် ၈၊ ၉၊ ၁၁၊ ၅၂၊ ၁၁၉၊ ၁၃၃ ရပ်ကွက်တို့၌ ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆောက်အအုံစာရင်းတင်ခြင်း လုပ်ငန်းကိုအဖွဲ့ (၆) ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ရာ အဆောက်အဦ (၅၉၁)၊ အိမ်ထောင်စု (၄၅၆) စု၊ ကျား(၉၅၄)၊ မ (၁၀၄၂)၊ စုစုပေါင်း (၁၉၉၆) ဦး မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့၀င်များကကြီးကြပ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ