ဒဂုံမြောက်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်

ဒဂုံမြောက် ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စာစစ်ဌာနဖြစ်သောအမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုနေစဉ်အတွင်း မီးလန့်မှုများ၊ မီးလောင်မှုများမဖြစ်ပွားစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင်ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မိမိတို့မြို့နယ်ရှိ စာစစ်ဌာနအား မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊‌ သဲပုံးနှင့် ရေပုံးများ အသင့်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူလှမှ ဆောင်ရွက်ထားရှိမှုအား လိုက်လံရှင်းလင်းပြသခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတစ်‌ကျောင်းတည်းကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း () ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ