မိုင်းဆတ်မြို့၌ မဲရုံမီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းရှင်းလင်းပြသ

မိုင်းဆတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းကို မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ မွန်းလွဲ()နာရီခွဲတွင် ကျဒယ်ရပ်ကွက်ရှိ မဲရုံအမှတ်() အသေးစိတ်ရှင်းလင်းပြသခဲ့သည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချိုနှင့် အမှတ်() မဲရုံတွင် မဲရုံမှူး တာဝန်ထမ်းဆောင်မည့် ဒေါ်နွယ်နွယ်ဝင်းတို့က မဲရုံပြင်ဆင်ထားရှိမှုအခြေအနေနှင့် မဲပေးပုံစနစ် အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇင်လတ်က မဲရုံတွင်တာဝန်ထမ်း ဆောင်မည့် မဲရုံမှူးနှင့်အဖွဲ့ဝင်များအား မဲရုံတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ် မီးငြှိမ်းသတ် နိုင်ရန်အတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံအဆင့်ဆင့်နှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပတ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းရှင်းလင်းပြသပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နိုင်ထွန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချို၊ အဖွဲ့ဝင်ဦးသန်းဇော်ဦးနှင့် မဲရုံတာဝန်ထမ်းဆောင်မည့်မဲရုံမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)