မိုးနဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများညှိနှိုင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ မဲရုံ အလိုက်ဖြန့်ဝေပေး

 

မိုးနဲ   နိုဝင်ဘာ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊မိုးနဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် မဲရုံအလိုက်တာဝန်ထမ်း ဆောင်ကြမည့်သူများ၊ မဲဆန္ဒရှင်ပြည်သူများအား ဖြန့်ဝေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစိုးထွဋ် နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဌေးညွန့်တို့က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ မဲရုံမှူးနှင့်မဲ့ရုံအဖွဲ့ဝင်များ ၊ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲဝင်များ သိရှိထားရမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားနိုင်ရေးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်ကိုဝင်းက မဲရုံမှူးများအနေဖြင့်  မဲရုံအတွင်းဝင်ခွင့် ၊ခိုင်လုံမဲ/ပယ်မဲ ကိစ္စနှင်စပ်လျဉ်း၍ တိတိကျကျဆောင်ရွက်ရေး ၊မဲရုံအတွင်းဓာတ်ပုံ ၊ဗွီဒီယို ၊အသံဖမ်း ယူရိုက် ကူးခွင့်မပြု ရေးနှင့် မဲရုံမှူးများသိရှိရမည့်အချက်အလက်များအား စနစ်တကျလေ့လာထားနိုင်ရေးစသည်ဖြင့် ရှင်းလင်း ပြောကြားရာ တက်ရောက်လာသော ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး များနှင့် မဲရုံမှူးများက မရှင်းလင်းသည်များကိုမေးမြန်းရာ ထာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်က အထွေထွေရွေးကောက်ပွဲ တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ အသုံးပြုရမည့် ပစ္စည်းများ နှင့်စပ်လျဉ်း၍ လည်းကောင်း ၊PPE ဝတ်စုံဝတ်နည်း/ ချွတ်နည်းကိုလည်းကောင်းရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့်  KN -95၊ Face Shield၊ Surgical Gown ၊ Medical Cap၊ PPE Lavel-3 ဝတ်စုံ၊ Surgical Glover၊ Protective ၊Face Mask ၊Goggles ၊Boot စသည့်ပစ္စည်းများကို ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအလိုက် မြို့နယ်ကော် မရှင်အဖွဲ့ခွဲမှ မဲရုံပေါင်း (၃၁)ရုံ  တာဝန်ရှိသူများအား  စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)