အသက်(၆၀)နှစ်နှင့်အထက် ကျန်းမာရေးမကောင်း၍ကြို တင်မဲပေးရန်မလာရောက်နိုင်သော မဲဆန္ဒရှင်များအား အိမ်တိုင်ရာရောက်ကြိုတင်မဲပေးနိုင်ရေးဆောင်ရွက်

ခေါဇာ နိုဝင်ဘာ ၃

 

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ခေါဇာမြို့၊ရပ် ကွက်(၂)၊မဲရုံ(၁)တွင် အသက်(၆၀)နှစ်နှင့်အထက် ကျန်းမာရေးမကောင်း၍ကြို တင်မဲပေးရန်မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများအား အိမ်တိုင်ရာရောက်ကြို တင်မဲပေးခြင်းလုပ်ငန်းများကိုယမန်‌နေ့ည‌နေပိုင်းမှစ၍ စတင်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါရွေ့လျားမဲရုံစနစ်ဖြင့်ကြိုတင်ဆန္ဒမဲပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ ရပ်ကွက်ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဒုတိယမဲရုံမှူး နှင့်မဲရုံ အဖွဲ့ဝင်များ ပါဝင်သောအဖွဲ့များက အသက်(၆၀)နှစ်နှင့်အထက် ကျန်မာရေးမကောင်း၍ကြို တင်မဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူ (၄၅)ဦးအား အိမ်တိုင်ရာရောက် ရွေ့လျားဆန္ဒမဲပေး စနစ်ဖြင့်ဆန္ဒမဲပေးနိုင်ရန်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ညီညီချမ်း(ပြန်/ဆက်)