မိုင်းဆတ်မြို့၌ မျိုးကောင်းမျိုးသန့် ဘာစမာတီ မိုးစပါးစံကွက်ရိတ်သိမ်း

မိုင်းဆတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဘာစမာတီ မျိုးကောင်းမျိုးသန့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်()နာရီက ကွင်းအမှတ်(၁၃)ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင်လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနပိုင်လယ်မြေ၊ ကွင်းအမှတ်(၁၃)တွင် စိုက်ပျိုးထားသော ဘာစမာတီ မျိုးကောင်း မျိုးသန့် မိုးစပါးစံကွက်ရိတ် (ဒဿမ ၁၀)ဧကအား ရိတ်သိမ်းခဲ့ရာ စပါးအစိုအထွက်နှုန်း(၈၆)တင်းနှင့် စပါး အခြောက် အထွက်နှုန်း(၇၇.)တင်းထွက်ရှိပြီး ဘာစမာတီ မျိုးကောင်းမျိုးသန့် မျိုးစပါးအား စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် လာမည့်နှစ်မိုးစပါး ပြန်လည်စိုက်ပျိုးချိန်တွင် စိုက်ပျိုးလိုသည့်တောင်သူများရှိပါက ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်းထံမှသိရသည်။

အဆိုပါ ဘာစမာတီ မျိုးကောင်းမျိုးသန့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)