ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု၊ မောက်စံကျေးရွာ၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းရိတ်သိမ်း

ကျောက်တလုံးကြီး   နိုဝင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်တလုံးကြီးမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ကက္ကူကျေးရွာအုပ်စု၊ မောက်စံကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် တောင်သူ ဦးဗုတ် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း()ဧကတွင် ရိတ်သိမ်းမည့်အနှံပါပင်ပွား၊ တစ်နှံပါအောင်စေ့၊ အလေးချိန် စသည့် စံနှုန်းတိုင်းတာခြင်းနှင့် ရိတ်သိမ်းခြင်းကို ယနေ့နံနက်၁၀နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းရာတွင် ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးခွန်မောင်ညှာနှင့် ဝန်ထမ်းများက ရွှေရင်အေးမိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသော  မောက်စံကျေးရွာ၊ တောင်သူဦးဗုတ်တို့နှင့် ပူးပေါင်း၍ ၆ပေ၆လက်မ ပတ်လည်နှင့် ၆၆ပေပတ်လည် မိုးစပါးရိတ်သိမ်းရာ စပါးတင်းအစိုတစ်ဧကလျှင် (၁၁၇)တင်းထွက်ရှိကြောင်း ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မြဝင်း(ပြန်/ဆက်)