လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ နေအိမ်များသို့ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်မဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အရှေ့ပိုင်း) နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်မဲပေး နေမှုနှင့် မဲရုံများပြင်ဆင် ထားရှိမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ သည်။
ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သောင်းတို့သည် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁၅)ရပ်ကွက်၊ ရွှေလင်ပန်းကျေးရွာ၊ ရှမ်းချောင်း ကျေးရွာ၊ ရေဥက္ကံကျေးရွာ၊ ညောင်ကျေးရွာအုပ်စုနှင့် ကစင်ကျေးရွာ အုပ်စုတို့ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများသို့ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ မဲပေးနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး အဆိုပါကျေးရွာရှိ စာသင်ကျောင်း များတွင် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများကို လည်း ကြည့်ရှုခဲ့ရာ မဲရုံတွင် လိုအပ်နေမှုများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဥက္ကဋ္ဌများကို မဲရုံတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲဝင်များက မဲရုံအတွင်း လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက် ပေးမည်ဖြစ်သည်။ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၅)အုပ်စုတို့တွင် မဲရုံ စုစုပေါင်း (၃၄၉)ရုံ၊ မဲဆန္ဒရှင် စုစုပေါင်း (၃၆၂၄၂၅)ဦး ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အသက်(၆၀)နှင့် အထက် အဘိုး အဘွားများ၏ နေအိမ်များသို့ ကြိုတင်မဲဆန္ဒရှင်များ မဲပေးလျက်ရှိကြောင်းနှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ ရပ်ကွက်ကျေးရွာအုပ်စု၊ နေအိမ်များသို့ အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်မဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)