ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရပ်ကွက်များရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ယမန်နေ့ နေ့လယ်(၁၂) နာရီအချိန်က ကန်သာယာရပ်ကွက်နှင့် ထွန်တုံးရပ်ကွက်များသို့ သွားရောက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး  သတင်းစကား လက်ကမ်းစာစောင်တွင် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် အမျိုးသားရေးတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့်အကြောင်းများ၊ စိုးရိမ်ရန်မလိုသည့် အချက်များ၊ပြည်သူ့စစ်မှုထမ်း တို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရန် ကာလနှင့် ကင်းလွတ်ခွင့်ပြုခြင်းခံရသူများ စသည့် အချက်များပါဝင်ပြီး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များသို့လည်း ဆက်လက်  အသိပညာပေး ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့