ညောင်ဦး ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ သနပ္ပင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၆ မိနစ်ခန့်က လူနေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်သည့် သနပ္ပင်ကျေးရွာသို့ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်သော မီးသတ်တပ် ဖွဲ့ဝင်(၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ ကြောင်းသိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ကမ္မအုပ်စု သနပ္ပင်ကျေးရွာ ဒေါ်မိုးဝါ ပိုင်ဆိုင်သော (၁၅ x ၁၅) ပတ်လည်၊ ထန်းရွက်မိုး၊ ထရံကာ မြေစိုက်လူနေအိမ်တွင် မိခင်ဖြစ်သူအပြင်သွားနေစဉ် သားဖြစ်သူ မောင်ကျော်ဇင်လတ် အသက် (၁၅)နှစ်သည် ယမ်ယမ်ပြုတ်စား၍ မီးအားငြှိမ်းသတ်ခဲ့ခြင်းမရှိဘဲ ဆိတ်ကျောင်း ထွက်သွားစဉ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံသို့မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပိုင်ဆိုင်သော ၁၅ ပေပတ်လည် ထန်းရွက်မိုး၊ ထရံကာမြေစိုက်လူနေအိမ် တစ်လုံးနှင့်အရှေ့ဘက်ကပ်လျှက် ငါးပေခန့်ရှိ ဦးဆန်းဝင်းပိုင်ဆိုင်သော ၂၀ ပေပတ်လည် သွပ်မိုး၊ အုတ်ညှပ်၊ တစ်ထပ်လူနေအိမ်တစ်လုံးမီးကူးစက်လောင်ကျွမ်းခဲ့သည်။
မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်နှင့် အခြားပစ္စည်းဆုံးရှုံးထိခိုက်မှုမရှိကြောင်း၊ အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပေါ့ဆမှုကြောင့်မီးလောင်မှုဖြစ်စေခဲ့သူ အိမ်ပိုင်ရှင် ဒေါ်မိုးဝါအား ငါ့သရောက်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။
ဒီပါလင်း