မူဆယ်မြို့၌ စည်ပင်သာယာဈေးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မူဆယ်  ဖေဖော်ဝါရီ   ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့စည်ပင်သာယာဈေးများ မီးဘေးအန္တရာယ်ကင်ဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက ပြုလုပ်သည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မူဆယ်မြို့အမှတ်(၁)အမှတ်(၂) စည်ပင်သာယာဈေးများရှိ မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်များ၊ ရေသိုလှောက်ကန်များ၊ လျှပ်စစ်မီးကြိုးကြံ့ခိုင်မှုများကို တာဝန်ရှိသူများက စစ်ဆေးပြီး ဈေးသူ/ဈေးသားများက မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်သည်။

ဆက်လက်ပြီး မူဆယ်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူ/ဈေးသားများအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြလေ့ကျင့်ပေးသည်။  ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ မီးသတ်ခရိုင်ဦးစီးမှူး ဦးနေဝင်းတိုး၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဦးမြင့်ကျော်သူနှင့် ဈေးသူ/သားများပူးပေါင်း၍ စည်ပင်ယာယာဈေးများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)