သထုံ ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီးရှေ့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမကြီးပေါ်၌ လှုပ်ရှားသွာလာနေကြသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ပြည်သူများ၊ သထုံမြို့မဈေး၊ သုဝဏ္ဏဈေးတို့မှ ဈေးရောင်းဈေးဝယ်ပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)