သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေ

သံဖြူဇရပ် ဖေဖေါ်ဝါရီ ၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကြာကန်ရပ်ကွက်ရှိ အမှတ် (၂) ကြာကန်စျေးရှေ့နှင့် စျေးအတွင်းလူစည်ကားရာနေရာတို့တွင် ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ စိုးရိမ်ရန်မလို၊ ပြည်သူ့စစ်မှုထမ်းခြင်း ဥပဒေအရ အစရှိသည့် ခေါင်းစဥ်များ ဖြစ်ပြီး၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ စည်ပင်သာယာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ စျေးရောင်းစျေးဝယ်ပြုသူများနှင့် ခရီးသွားပြည်သူများထံ လက်ဝယ်အရောက် လက်ကမ်းစာစောင် (၂၀၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)