ဒေါပုံ ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် လူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်များအတွင်း ပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အင်္ဂလိပ်စာအခြေခံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အင်္ဂလိပ်စာ Grammar ပညာရပ်များကို ဆရာဦးမြစိန်က ပို့ချခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးက တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အင်္ဂလိပ်စာအခြေခံသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ တစ်လကြာမြင့်မည်ဖြစ်ပြီး အပတ်စဥ် ဗုဒ္ဓဟူး၊ ကြာသာပတေးနှင့် သောကြာနေ့များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)