လှိုင်သာယာ(အရှေ့ပိုင်း)၊ ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ယမန်နေ့မွန်းလွဲ (၁) နာရီ၌ စျေးများနှင့် ဗိုလ်အောင်ကျော်လမ်းမရှိ သွားလာနေသော ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူများသိရှိနားလည်နိုင်စေရန် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် ရည်ရွယ်ကာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များနှင့်စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ်မှာ အသက် (၁၈) နှစ်မှ (၃၅) နှစ်အထိ၊ အမျိုးသမီး အသက် (၁၈) နှစ်မှ (၂၇) နှစ်အထိ ကာလအပိုင်းအခြားသတ်မှတ်ထားခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းသည် (၂၄) လ၊ တပ်မတော်စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန်နှင့် စစ်မှုထမ်းရမည့် အသက်ရောက်ရှိ၍ ကျွမ်းကျင်သူများ အချိန်ကာလ (၃၆) လ သတ်မှတ်ထားခြင်းနှင့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆောင်ပုဒ်များ ပါရှိခြင်း ဥပဒေပြဌာန်းချက်များ၊ တပ်မတော်၏ မြင့်မားသည့်စွမ်းဆောင်နိုင်မှု၊ ပြည်သူလူထု၏ မျိုးချစ်စိတ် နိုင်ငံချစ်စိတ် အသိဉာဏ်ပညာ မြင့်မားမှုနှင့်ကာကွယ်ရေးပညာ ဗဟုသုတကြွယ်၀မှု၊ ကာကွယ်ရေး ပညာတတ်ကျွမ်းမှုတို့ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပါရှိသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိသည်။
ခင်၀င်းမူ (ပြန်/ဆက်)