မိုင်းခတ် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် လမ်းသွားလမ်းလာပြည်သူများ ယာဥ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ကျိုင်းတုံ-မိုင်းခတ်သွား လမ်းမကြီးနှင့် မြို့တွင်းလမ်းဆုံနေရာများပေါ်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြည်သူများ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံ-မိုင်းခတ်သွား လမ်းမကြီးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း မောင်းနှင်သွားလာလျက်ရှိသော မော်တော်ယာဥ်များအား ယာဥ်အန္တရာယ်/လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ် တပ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ ဝန်ပိုတင်ဆောင်ထားခြင်း ရှိ/မရှိနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်ကမ်းလိုက်နာမှုရှိစေရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ အသိပညာဟောပြောခြင်းကို မိုင်းခတ်မြို့နယ်၊ အမှတ်(၃၂၇) တပ်ရင်းမှ ဗိုလ်မှူး ပြုံးမောင်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဇင်မင်းပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုင်းစိုးရာဇာနှင့် ဝန်ထမ်းများက မြို့နယ်အတွင်း လိုက်လံစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)