ပန်းဘဲတန်း ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လည်ပိုင်းအချိန်က စာရေးဆရာ ဇွဲမာန် (ဧရာဝတီ) ရေးသားသည့် “နှလုံးသားမှတည်သောမေတ္တာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာ အယ်ဒီတာချုပ် ဦးသူရဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ စာရေးဆရာမ တင့်တယ်ခင်က မုဒိတာများစကားပြောကြားသည်။
ထို့နောက် စာရေးဆရာ ဇွဲမာန် (ဧရာဝတီ) က နှလုံးသားမှာတည်သောမေတ္တာ စာအုပ်ဖြင့်ဖတ်ရှုပြီး တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမကြီးများက အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိခဲ့ရပြီး အဆိုပါစာဖတ်ဝိုင်းသို့ စာအုပ်စာပေချစ်မြတ်နိုးကြသည့် စာရေးဆရာ၊ဆရာမကြီးများ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဥမ္မာကျော်