ပန်းဘဲတန်းမြို့နယ်တွင် မဲရုံသုံးကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ ဖြန့်ဝေ

ပန်းဘဲတန်း အောက်တိုဘာ ၃

ပန်းဘဲတန်းမြို့နယ်တွင် မဲရုံသုံးကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  များထံသို့ဖြန့်ဝေခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများကို ဖြန့်ဝေပေးခြင်းဖြစ်ပြီး မြို့နယ်အလိုက် မဲဆန္ဒရှင်၊ မဲရုံအဖွဲ့ဝင်၊ Volunteer အရေအတွက်များ၏ (၈၀) ရာခိုင်နှုန်းအပေါ် မူတည်၍ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး မဲရုံသုံး ကျန်းမာရေးအထောက်အကူပြုပစ္စည်း ()မျိုးပါဝင်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း၊ ပန်းဘဲတန်းမြို့နယ်တွင် မဲရုံပေါင်း (၂၆)ရုံ ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်ထံမှ သိရှိရပါသည်။

အဆိုပါ မဲရုံသုံးကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်ခိုင်က ပေးအပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရှိရပါသည်။

နေခြည်(ပြန်/ဆက်)

၀၉၇၉၂၇၄၂၁၃၅