မိုးနဲ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ဆီဆုံ(အောင်သပြေ)ကျေးရွာ၊ အကွက်အမှတ်(၁၈)ရှိ ဆောင်ရွက်ပြီးစီးသော ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ နမ့်စန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဆီဆုံ(အောင်သပြေ)ကျေးရွာအတွက် ကျေးရွာမြေငှားဂရန် ၃၃ စောင်ကို နမ့်စန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းဝင်းနှင့် တာဝန်ရှိသူများက ကျေးရွာနေပြည်သူတို့၏လက်ဝယ်အရောက် တစ်ဦးချင်းစီပေးအပ်ခဲ့ကြပြီး ကျေးရွာနေပြည်သူများကိုယ်စား ဦးကျော်မင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ