ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ဒလ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

ဒလမြို့နယ်အတွင်းရှိ ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်းသိရသည်။

ဒလမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း(၄၅၀)ဦးရှိပြီး ပင်စင်လစာများအဆင်ပြေစေရေးအတွက် ယနေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ယခုအငြိမ်းစားပင်စင် ထုတ်ယူသူ(၂၀၀)ဦးရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့်အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သတင်းရရှိသည်။

မြင့်ဇော်(ပြန်/ဆက်)