မက်မန်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိူပါ အစည်းအဝေးတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးဆောင်ရွက်ရန်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များ အားလုံးမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ နွေရာသီတွင် မီးဘေးလုံခြုံရေးစီမံချက် ရေးဆွဲဆောင်ရွက်ရန်၊ မြို့နယ်အတွင်း မီးဘေးကြိုတင်ရေးအတွက် စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ်ရန်နှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိရန်၊ မြို့နယ်အတွင်း ဖြန့်ဝေပေးလျက်ရှိသော သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ မြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများမရှိစေရေးအတွက် ကျေးရွာ/ရပ်ကွက်များအတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်” စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာစာရေးများက မြေပြင်ကွင်းဆင်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်း များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)