ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို အ-ထ-က(၂၇)ကျောင်းရှိ အောင်တံခွန်ခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးလွင်မောင်မြင့်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်နှင့်အခြားပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးရာ မြို့နယ်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်