မိတ္ထီလာ ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂ဝ၂၄) ကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးထံက သိရသည်။
“မိတ္ထီလာတက္ကသိုလ်မှာ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂ဝ၂၄)ကို ဖွင့်လှစ်ပို့ချ နေတာဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၃၇၄ ဦး တက်ရောက်လျက်ရှိပါတယ်။ သင်တန်းကို စနေနဲ့ တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ သင်ကြားပို့ချတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော် ဝါရီ၁၇ ရက်နေ့ကစတင်ပြီး သင်တန်းဖွင့်လှစ်တာဖြစ်ပြီး သင်တန်းကာလ၆ ရက်တာဖွင့်လှစ်မှာဖြစ်ပြီး စာတွေ့လက်တွေ့ စာမေးပွဲဖြေဆိုရတာတွေပါဝင်မှာဖြစ်ပါတယ်”ဟု ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။
အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းအား မြန်မာနိုင်ငံကြက်ခြေ နီအသင်းနှင့် မိတ္ထီလာတက္ကသိုလ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် လက်နက်မဲ့အခြေခံစစ်ရေးပြ၊ လူနာထမ်းစင်တင်နည်း၊ ပတ်တီးစည်းနည်း၊ အရေးပေါ်လူနာအား ရှေးဦးစွာ စနစ်တကျပြုစုစောင့်ရှောက်နည်း စသည့်သင်ခန်းစာများကို သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ