မိုင်းတုံမြို့၌ အခြေခံစားသောက်ကုန်ရောင်းချမှုများနှင့်စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်

မိုင်းတုံ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဈေးဆိုင်များ၌ ယ​နေ့နံနက် ၈ နာရီအချိန်က အခြေခံစားသောက်ကုန်ရောင်းချမှုများနှင့်စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြီးကြပ်​ဆောင်ရွက်‌ရာတွင် မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ဦးဆောင်၍  မြို့နယ်ရဲမှူး မြင့်အောင်၊ မြို့နယ်စည်ပင်သာယာ​ရေးမှ အမှုဆောင်အရာရှိ ‌ဦးဌေးဒမ်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ပြန်/ဆက်တို့ ပူးပေါင်း၍ မြို့ပေါ်ရှိဈေးဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်၍ အခြေခံစားသုံးသူ​များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍  အခြေခံစားသောက်ကုန် ဈေးနှုန်းတည်ငြိမ်ရေး ကြီးကြပ်‌ဆောင်ရွက်ခြင်း၊ ​ရောင်းချ​သော ​စျေးသည်များအ‌နေဖြင့် သင့်‌လျော်သော‌ဈေးနှုန်းဖြင့်သာ ရောင်းချပေးစေလိုခြင်း၊ အမြတ်ကြီးတင်၍ မိမိတစ်ဘက်တည်းကြည့်ပြီး မ‌ရောင်းချဘဲ နှစ်ဦးနှစ်ဖက်မျှတသည့်အမြင်ဖြင့်‌ ရောင်းချပေးသွားရန်‌ ဈေးဆိုင်တိုင်းကို ကြီးကြပ်မှာကြားခဲ့​ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)