တန့်ယန်း ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လာရောက်ထုတ်ယူနေသည့် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်။
အဆိုပါ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရီရီထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက မကူးစက်နိုင်သောရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာ၊ ပန်းနာရင်ကြပ်နှင့် နာတာရှည် အဆုတ်ပွ စသည့် ရောဂါများကို စစ်ဆေးဆောင်ရွက်၍ လိုအပ်သည့် ဆေးဝါးများကို အခမဲ့ပေးအပ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း တိုင်းရင်းဆေးများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)