ဆိပ်ကြီးခနောင်တိုမြို့နယ်၌ Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲ စစ်ဆေးရန် နှာခေါင်းနှင့်အာခေါင်တို့ပတ်ရယူ

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးရန် နှာခေါင်းနှင့်အာခေါင်တို့ပတ်ရယူခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ မြို့နယ် အတွင်းရှိ Quarantine Center များတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ သွားရောက် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့(၃)ဖွဲ့ခွဲ၍  မြို့နယ်အတွင်းရှိ အထက (ခနောင်တို)၊ ထ(ခွဲ)အလက၊ အမက(၃) စသည့် Quarantine Center (၃) ခုတွင် အသွားအလာ စောင့်ကြည့်ခံထားရသူ (၄၃)ဦးအား နှာခေါင်းနှင့်အာခေါင်တို့ပတ်ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့‌ဆောင်ထားပြီး မြို့နယ်ဆေးရုံတွင် တက်ရောက်နေသူ  (၃)ဦးတို့ကို  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိအား  Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁)ဦး မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပြီး ၎င်းအား ရောဂါကုသရေးစင်တာသို့ အမြန်ဆုံး ပို့ဆောင်နိုင်ရေး ဆက်လက်စီစဉ် ဆောင်ရွက်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နိုဝင်ဘာလ ၂ ရက်နေ့အထိ Quarantine Center (၃)ခုတွင် Quarantine ဝင်ရောက်နေသူ(၅၈)ဦး၊ ရောဂါပိုးတွေ့ရှိသူ(၂၃၉)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ(၁၇၈)ဦးနှင့် သေဆုံးသူ (၆)ဦးရှိကြောင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)