ကျောက်မဲမြို့၏ (၅) ဦးမြောက် ကိုဗစ်-၁၉ အတည်ပြုလူနာ ဆေးရုံမှ ‌ဆင်းခွင့်ရပြီဖြစ်

ကျောက်မဲ နိုဝင်ဘာ

ကျောက်မဲမြို့ခရိုင်ပြည်သူ့ဆေးရုံကြီးတွင်  ဆေးကုသမှုခံယူခဲ့သည့်  အသက်(၁၈)နှစ်အရွယ် ကိုဗစ်-၁၉ အတည်ပြုလူနာ (Case-40009) အမျိုးသားတစ်ဦးသည်  မန်နေ့နံနက် ၁၀နာရီ ခွဲအချိန်က ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာသည် မူဆယ်မြို့တွင် အောက်တိုဘာလ ၁၂ ရက်က ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့သော အသက် ၂၂ နှစ်အရွယ် ယာဉ်မောင်းနှင့် ထိတွေ့ခဲ့သူ ဖြစ်ပြီး ကျောက်မဲမြို့သို့ အောက်တိုဘာလ ၁၄ ရက်တွင် ပြန်လည်ရောက်ရှိကာ သတ်မှတ် Quarantine Center တွင် နေထိုင်ခဲ့သည်။ ၎င်း၏ ဓါတ်ခွဲ နမူနာကို ရယူပြီး ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သို့ ပေးပို့စစ်ဆေးခဲ့ရာ ပို့တွေ့ခဲ့ခြင်းကြောင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ကာ သတ်မှတ်ရက်အတွင်း ရောဂါခံစားရခြင်းမရှိဘဲ သက်သာပျောက်ကင်းနေပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံမှဆင်းခွင့်ရသည့် အမျိုးသားသည် ၎င်း၏ နေအိမ်တွင် ရက် အသွားလာကန့်သတ်ပြီး နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ရက်နေ့တွင် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံမှ  အသက် ၂၄ နှစ်အရွယ် ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ယနေ့တွင်လည်း ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားတစ်ဦး ဆေးရုံမှ ထပ်မံဆင်းခွင့် ရသောကြောင့် ကျောက်မဲပြည်သူဆေးရုံကြီးတွင်  ကိုဗစ်-၁၉ အတည်ပြုနာတစ်ဦးသာကျန်ရှိကြောင်း ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)