မိုင်းတုံမြို့၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့

မိုင်းတုံ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့‌၌ အသက်(၈၅)နှစ်အထက်ရှိ အဘိုးအဘွားအား ယမန်နေ့နံနက် ()နာရီခွဲက မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်ရေး အသင်းဝင်များက ပူဇော်ကန်တော့ခဲ့ကြောင်းသိရသည်။

မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းကလျာစော ဦးဆောင်သော အဖွဲ့ဝင်များက သီတင်းကျွတ်ကာလ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ မြို့ပေါ်ရပ်ကွက် ()ရက်ကွက်ရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား()ဦးအား တစ်ဦးလျှင် စောင်တစ်ထည်၊ တစ်ဘက် တစ်ထည်၊ ကြက်(၂၂)လုံး၊ ဖယောင်းတိုင်အထုပ်ကြီး() ထုပ်၊ ဆပ်ပြာအုပ်()ဗူး၊ အမွှေးဆပ်ပြာ()ခဲ၊ ဆပ်ပြာမှုန့်()ထုပ်၊ အာဟာရမုန့်()ထုပ်၊‌ လိမ်းဆေးဘူး()ဘူးနှင့် ငွေကျပ်-၁၅၀၀၀/စီ တို့ကို အိမ်တိုင်ရာ‌ရောက် သွား‌ရောက်ပေးအပ်လှူဒါန်းပြီး ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)