တောင်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရုံးစည်ကြီးတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၃)ဦး ရောဂါပျောက်ကင်း၍ဆေးရုံဆင်းခွင့်ပြု

တောင်သာ နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ စစ်ဆေးချက်အဖြေအရ ရန်ကုန်တိုင်းဒေသကြီးမှ  ပြန်လည်ရောက်ရှိလာသည့်  တောင်သာမြို့ ရေလည် CBFQ တွင်ထားရှိသူ(၇)ဦးနှင့် ရွှေပြည်တော်ကျေးရွာအထက ကျောင်း CBFQ တွင်ထားရှိသည့်(၆)ဦး၊စုစုပေါင်း(၁၃)ဦးတို့တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ရုံးစည်ကြီးတိုက်နယ်ဆေးရုံတွင်(၃)ဦးနှင့် တောင်သာပြည်သူ့​ဆေးရုံတွင်(၁၀)ဦးတို့အား အောက်တိုဘာလ(၂၄)ရက်၊ ညနေ(၆)နာရီခွဲအချိန်က ပြောင်းရွေ့ ကုသပေးလျက်ရှိကြောင်းသိရသည်။

ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပိုးတွေ့လူနာ(၁၃)ဦးသည် ကျန်းမာရေးကောင်း မွန်သဖြင့် ဆေးရုံဆင်းရန် သတ်မှတ်ချက်များ Version-6 အရ မြို့နယ်ပြည်သူ့ဆေးရုံမှပြန်လည်ဆင်း ခွင့်ပြုခဲ့ပြီး ပိုးတွေ့လူနာ(၁၃)ဦးအား HQ(၇)ရက်နေထိုင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ညွှန်ကြားချက်များနှင့် အညီ  သွားလာနေထိုင်စေရေးအသိပညာပေး ဆောင်ရွက်ခဲ့ပြီး တောင်သာမြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း(၄၁)ဦးရှိပြီး ဆေးရုံမှဆင်းသူ(၃၆)ဦးနှင့် ဆေးကူသမှု ခံယူလျက်ရှိသည့် ပိုးတွေ့လူနာ(၅)ဦးကျန်ရှိကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)