ဒဂုံမြိူ့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပေးအပ်ပွဲဆောင်ရွက်

ဒဂုံမြိူ့သစ် ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိူ့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၆၀) ရပ်ကွက်အတွင်းရှိ အသက် (၁၈) နှစ် ပြည့်ပြီးသည့် အိမ်ထောင်စုဝင်များအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပေးအပ်ပွဲ အမှတ် (၆၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးကျော် ကနိုင်ငံသားစိစစ်ရေးကဒ်နှင့် ပတ်သက်သည့် သိမှတ်စရာများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများအား တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အမှတ် ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

စည်သူမောင်မောင် (ပြန်/ဆက်)