မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မော်လမြိုင်ကျွန်းမြို့နယ် (၇၉) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို အမှတ် (၁၁) ရပ်ကွက်၊ ဗန္ဓုလလမ်း၌ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လည် (၂) နာရီကအချိန်က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိဒုတိယညွှန်ကြားရေးမှူးဦးမင်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနေပြည်သူစစ်တပ်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများတက် ရောက်အားပေးခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုမှ စုစုပေါင်းကျပ် (၅၂.၅၅) သန်းဖြင့် လမ်းအရှည် ပေ (၁၀၀၀)၊ အကျယ် (၁၆) ပေ၊ ထုထည် (၆) လက်မရှိသော ဗန္ဒုလလမ်း(ကွန်ကရစ်) လမ်း ဖြစ်ကြောင်းသိခဲ့ရပြီး အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)