မိုင်းယောင်း ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ည ၆ နာရီက ရပ်ကွက်/ကျေးရွာများသို့ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းယောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလှန့်မှုများ မဖြစ်ပွားစေရန်အတွက် သွယ်တန်းထားသော ဝါယာကြိုးများခိုင်ခံ့မှုရှိစေရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဗူးများ၊ မီးလှန့်အချက်ပေးကိရိယာများ လုံလောက်စွာတပ်ဆင်ထားစေခြင်း၊ ရေကန်များတွင် ရေလုံလောက်စွာထားရှိစေခြင်း၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်နှင့် မိမိတို့နေအိမ်များတွင် မီးကပ်၊ မီးချိတ်၊ ရေပုံးများ၊ သဲများထားရှိခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နည်းများ လေ့လာထားရှိခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ သိရှိလိုက်နာခြင်း မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ်အကြောင်းကြားရန်နှင့် “သင့်ကြောင့်မီးမလောင်စေနှင့် မီးသတိပြု” သီချင်းများဖွင့်လှစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)