မိုင်းတုံမြို့၌ မြို့နယ်စိုက်ညှိအဖွဲ့နှင့် တောင်သူများတွေ့ဆုံ၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေး

မိုင်းတုံ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ညှိအဖွဲ့နှင့် တောင်သူများတွေ့ဆုံ၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်စိုက်ညှိအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တစ်ဝန်းဆွေးနွေးပြီး၊ မြို့နယ်စိုက်ညှိ‌အဖွဲ့အတွင်းရေးမှူး ‌ဦးထွန်းထွန်းဝင်းက နိုင်ငံတော်မှ ဆီထွက်သီးနှံစိုက်ပျိုးမှုကို အထောက်အကူပြုနိုင်ရန်အတွက် တောင်သူများကို ယာယီချေးငွေအဖြစ် မြေပဲ(၁)ဧကလျှင်(၃)သိန်းကျပ်၊ နှမ်း(၁)ဧကလျှင်(၁.၅)သိန်းကျပ်၊ နေကြာ(၁)ဧကလျှင် (၂)သိန်းကျပ်ဖြန့်ဖြူးပြီး တောင်သူများထွက်ရှိလာမဲ့ သီးနှံများကို မိမိဒေသတွင် ရောင်းရလွယ်ကူစေရန်အတွက် ဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရေးအဖွဲ့၊ သွင်းအားစုအဖွဲ့ (မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အခြားနှင့်စိုက်ပျိုးတောင်သူအစုအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် တောင်သူများအနေနဲ့ စိတ်ချမ်းသားစွာဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ကြောင်း ဆွေးနွေးသည်။ ဆက်လက်ပြီး သွင်းအားစုအဖွဲ့ဝင် ဦးစိုင်းမတ်က မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတို့နှင့် ပတ်သက်ရှင်းလင်းသည်။ ထို့နောက် တက်ရောက်လာစည့်တောင်သူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)