မန္တလေး ဖေဖော်ဝါရီ ၁၉
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဇော်ဝင်းကြူ(ပျဉ်းမနား)၏ သင့်စိတ်၏အံ့ဖွယ်စွမ်းအားများ စာအုပ်အား စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉) နာရီက လူထုအခြေပြုဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအနေဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးနှင့် မိမိတို့ ရရှိထားသည့် စာပေဗဟုသုတများကို အချင်းချင်း ဖလှယ်နိုင်ကြစေရန်နှင့် အတွေးအမြင် ရသများကို ဆွေးနွေးနိုင်ကြစေရန် လစဉ် စာဖတ်ဝိုင်းများကို ကျင်းပလျက်ရှိကြောင်းနှင့် ယနေ့စာချစ်သူများက ရွေးချယ်သော ဆရာဇော်ဝင်းကြူ၏ စာအုပ်တွင် စိတ်ပိုင်းဆိုင်ရာတွင် သိစိတ်နှင့် မသိစိတ်ဟူ၍ ရှိရာ မသိစိတ်သည် စွမ်းအားကြီးမားကြောင်း၊ အကျိုးရှိအောင် အသုံးချနိုင်ကြောင်း ဆွေးနွေးပါသည်။
ထို့နောက် စာရေးဆရာမ လှိုင်က သင်ပိုင်ဆိုင်တဲ့စိတ်ရဲ့ အလုပ်လုပ်ဆောင်ပုံ၊ မသိစိတ်နဲ့ ကျန်းမာရေး၊ မသိစိတ်နဲ့ချမ်းသာကြွယ်ဝမှုများအကြောင်း၊ ဆရာထွန်းမြတ်သူက အိမ်ထောင်ရေး ပြသာနာတွေမှာ မသိစိတ်ကို အသုံးပြုပုံ၊ မသိစိတ်နှင့်လမ်းညွှန်မှုအကြောင်း၊ ဆရာကိုစိုးက ကြောက်ရွံ့မှုကို မသိစိတ်ဖြင့် အနိုင်ယူခြင်း အကြောင်းများကို ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် စာဖတ်ပရိသတ်များက စိတ်ကြောင့် ဘဝသာယာ စိုပြေမှုများအကြောင်း၊ စိတ်ကြောင့်သာ ထိခိုက်ခံစားရမှုများအကြောင်းအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်သန်း(ပြန်/ဆက်)