မိုင်းယောင်း ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ဒေကျေးရွာနှင့် ဝမ်အင်ကျေးရွာတို့၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး ဦးဆောင်သည့် တောမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့(၂)က တောမီးလောင်ခြင်းများမှ ထွက်ရှိလာသော အခိုးအငွေ့များကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ မီးခိုးမြူများ ထူထပ်စွာဖြစ်ပေါ်ပါက အသက်ရှူကျပ်ခြင်း စသည်များ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် တောင်ယာ၊ တောတောင်များတွင် တောမီးမရှို့ရန်၊ တောမီးရှို့၍ အမဲလိုက်ခြင်းများ မပြုလုပ်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ကြကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)