ကျိုက်မရော နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်တွင် ယနေ့ နံနက်၉နာရီမှ စတင်၍ အသက်၆၀နှင့်အထက် သက်ကြီးဘိုးဘွားများအားရွေ့လျားမဲရုံစနစ်ဖြင့်ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ရှင်စောပုရပ်ကွက် ၂၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါရွေ့လျားမဲရုံစနစ်ဖြင့်ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာသို့ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အတွင်းရေးမှူး အပါအဝင် မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ၊မဲရုံစောင့်ကြည့်ရေးအဖွဲ့ဝင် များပါဝင်သောအဖွဲ့များက အသက်၆၀နှင့်အထက် နှင့် ကျန်းမာရေး မကောင်း၍မဲရုံသို့မလာနိုင်သည့်အသက်၇၀နှင့်အထက်သက်ကြီးမဲဆန္ဒရှင်၂ဦး၊ အသက်၈၂နှစ် အဘိုးတစ်ဦး အသက်၆၃နှစ် ရှိ လေဖြတ်ထားသူမဲဆန္ဒရှင်တစ်ဦးတို့အားအိမ်တိုင်ရာ ရောက် ရွေ့လျား စနစ်ဖြင့်ဆန္ဒမဲပေးနိုင်ရန်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါသက်ကြီးမဲပေးသူများအား ကျန်းမာရေးနှင့်အညီလုံခြုံဘေးကင်းစွာဆန္ဒမဲများပေးနိုင် ရေး အတွက်ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှ ရွေ့လျားမဲရုံစနစ်ဖြင့် သတ်မှတ်ချက် များ အတိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကျိုက်မရောမြို့နယ်တွင် သက်ကြီးမဲဆန္ဒရှင်များကြိုတင်မဲပေးခြင်းကို နိုဝင်ဘာ ၅ရက်နေ့ အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ချို ချို ( ပြန်/ဆက်)