ညောင်ဦး ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့်ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဘာသာရပ်ဆိုင်ရာပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ယမန်နေ့တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဒေသခံပြည်သူများ လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ (ပါမောက္ခ/ဌာနမှူး(ဆေးပညာ)၊ ပါမောက္ခ/ဌာနမှူး(ဦးနှောက်နှင့်အာရုံကြောဆေးကု)၊ ပါမောက္ခ/ဌာနမှူး(ရင်ခေါင်းဆေးကု)၊ ပါမောက္ခ/ဌာနမှူး(အစာအိမ်နှင့်အူလမ်းကြောင်း)၊ ပါမောက္ခ(ခွဲစိတ်)တွဲဘက်၊ ပါမောက္ခ(နား၊ဌာခေါင်း၊လည်ချောင်း)၊ ကထိက(ဆီးချိုနှင့်ဟော်မုန်း)၊ ကထိက(နှလုံးဆေးကု)၊ အထူးကုဆရာဝန်ကြီး(ဆီးချိုနှင့်ဟော်မုန်း)၊ အထူးကုဆရာဝန်(ဆီးနှင့်ကျောက်ကပ်ဆေးကု)၊ အထူးကုဆရာဝန်(ဦးနှောက်နှင့်အာရုံကြောခွဲစိတ်) ဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့သည် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ကုသပေးနေကာ မကွေးတိုင်းဒေသကြီး ချောက်မြို့၊ ပခုက္ကူမြို့၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေခံပြည်သူများနှင့် ပုဂံမြို့၊ ငါ့သရောက်မြို့တို့မှ လာရောက်ကုသကြရာ စုစုပေါင်း (၁၃၇၇)ဦး ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
အထူးကုဆရာဝန်ကြီးများနှင့်ကျန်းမာရေးဝန်ထမ်း ဆေးကုသနေသည့် ဆရာဝန်ကြီးများနှင့် ဆေးလာရောက်ကုသသည့် လူနာများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်းကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ကုသရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းနှင့်တာဝန်ရှိသူများ၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးပရဟိတအသင်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း