ဗဟန်း ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးများကို ရပ်ကွက်အလိုက် ဆောင်ရွက်လျက်ရှိရာ အဆောက်အအုံမှတ် တမ်းတင်ခြင်းလုပ်ငန်းကို ဗဟန်းမြို့နယ်ရှိ ရပ်ကွက်များ၌ နေ့စဥ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းကို အဖွဲ့ (၃) ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ရာ ရပ်ကွက် ၂၂ ရပ်ကွက် ရှိသည့်အနက် ရပ်ကွက် ၁၅ ခုတွင် ကောက်ယူဆောင်ရွက်ခဲ့ပြီးဖြစ်ရာ အဆောက်အဦ (၃၀၈၃) ၊ အိမ်ထောင်စု (၇၇၂၇)စု၊ ကျား (၁၅၃၃၇)၊ မ (၁၈၁၁၂) ၊ စုစုပေါင်း (၃၃၄၄၉) ဦး မှတ်တမ်းတင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံစာရင်း တင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့၀င်များက ကြီးကြပ်၍ မြို့နယ်လဝကဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကြည်ဇေသော်