မိုးညှင်း ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို ယနေ့နံနက်(၈)နာရီက သတ်မှတ်စုရပ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုဆိုထောက်ခံပွဲပြုလုပ်ရာတွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ သိမ်အင်းရပ်ရှေ့၊ ပန်းခြံအနီးပြည်ထောင်စုကားလမ်းမကြီးပေါ်၌ စုရပ်ပြုလုပ်ကြပြီး ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက သတ်မှတ်နေရာမှ ကျင်းပမည့်နေရာသို့ ချီတက်ထောက်ခံကြရာတွင် ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူစုစုပေါင်းအင်အား(၆၂၀)ဦးခန့်မှ ကြွေးကြော်သံများနှင့် ဗီနိုင်းပိုစတာများကိုကိုင်ဆောင်၍ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားကြရန်၊ နိုင်ငံတော်ကိုကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြစို့နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်စသည့် ကြွေးကြော်သံများဖြင့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး သံပြိုင်ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
မိုးညှင်းသား